ของน่าใช้ มีเรื่องราวให้ค้นพบรู้จัก Buydeestore
ကတက်ချဉ် ( ခံဒက်ချဉ် ) Pickled Kadat Leave
Food & Beverages

ကတက်ချဉ် ( ခံဒက်ချဉ် ) Pickled Kadat Leave

฿90.00
ข้อมูลราคาจาก Feed ล่าสุด 21/09/2026 03:26

ราคา โปรโมชั่น และตัวเลือกสินค้าอาจเปลี่ยนแปลงที่ร้านค้าปลายทาง

ดูราคาและโปรโมชั่นล่าสุด

เราอาจได้รับค่าตอบแทนเมื่อมีการซื้อผ่านลิงก์นี้ คุณทำรายการซื้อขายกับร้านค้าปลายทางโดยตรง

สินค้านี้ตรงใจไหม?

บอกเราเพื่อช่วยปรับสินค้าที่แนะนำให้เหมาะกับคุณมากขึ้น

ข้อมูลสินค้าในที่เดียว อ่านประสบการณ์ก่อนเลือก เช็กเงื่อนไขจากร้านค้า

รู้จักสินค้านี้

"ခံတက်ပင်ဆေးဖက်ဝင်ပုံ" အိမ်ရှေ့တမာ အိမ်နောက်ခံတက် စီးပွားတက် အောက်ပြည် အောက်ရွာမှာ ခံတက်အညွှန့်က ရှားလှပါတယ် ခံတက်ဆိုပြီးရာဘာရွက်နုတွေရောရောင်း ကြတယ်လို့ကြားဖူးတယ် အညာက ခံတက်ပင်နဲ့ အောက်ပြည် အောက်ရွာက ခံတက်ပင်က Genus မျိုးစုတူပြီး species ကွဲမယ်ထင်ပါတယ်၊ စားရတဲ့ အရသာကတော့ အတူတူပဲ ဖြစ်မှာပါ၊ (filaments)ဝတ်ဆံတန် လေးတွေရဲ့ အရောင်မတူတာတော့ သတိထားမိပါတယ်။ အချို့သော ခံတက်တွေက ပန်းပွင့်ချိန်မှာ အရွက်လုံးဝကင်းမဲ့နေတတ်တယ်၊ အညာက ခံတက်ပန်းရော အောက်ပြည်က ခံတက်ပန်း ရော ၂ မျိုးစလုံး လေ့လာဖို့တင်ပေးလိုက်တယ်၊ ထူးထူးခြာခြားမှတ်စရာက မုံရွာမြို့လယ်က ရွှေစည်းခုံဘုရားကြီးထဲမှာ ခံတက်ပင်အကြီးကြီးရှိတယ် ပန်းရောင်က အဝါရောင်သက်သက်ပါဘဲ... သင်္ကြန်နားနီးရင် ပိတောက်နဲ့အတူ ပွင့်လေ့ရှိတဲ့ပန်းထဲမှာ ခံတက်ပန်းလေးတွေလည်းပါပါတယ် ခေါ်တော့“ကတက်” ရေးတော့ “ခံတက်” ပင်ဖြစ်ပါတယ်၊ “ကတက်ရွက်နုနု”ကို အချဉ်တယ်ထားတဲ့ ကတက်ချဉ်သုပ်ဟာမြန်မာ့ဟင်းလျာမှာတော့ ထင်ရှားလှပါတယ် ဆီကျက်မြေပဲဆန်ကြက်သွန်ကြော်နဲ့ သုပ်ထားတဲ့ ကတက်ချဉ်သုပ်က အရမ်းကိုကြိုက်ခဲ့တဲ့ ဟင်းတခွက်ဖြစ်ခဲ့တယ်၊ ငါးပိတစ်ချက် ငြုပ်သီးစပ်စပ် ၊ သရက်ကင်းမြုပ်၊ ကတက်ချဉ်သုပ် ၊ ဆူးပုတ်ကြီးပဲဟင်းချိုသာပါရင် နာမည်ကျော် စားသောက်ဆိုင်က ဟင်းတွေ နဲ့တောင်မလဲနိုင်ပါဘူး၊ ခံတက်နဲ့ အညာ အညာနဲ့ ခံတက်က ခွဲမရပါဘူး။ အညာသားမှန်ရင် ခံတက်ပင်ကို သိကြ ရင်းနှီးကြပါတယ်... **ဆေးဝင်ပုံ** ခံတက်ပင်ဟာ စားလို့ ရရုံတင်သာမက ဆေးဖက်လည်း၀င်လှပါတယ်။ အရှင်နာဂသိမ်ဆေးကျမ်းမှာ သူ့ဆေး၀င်ပုံရေးထားပုံက စိတ်၀င်စားစရာ….. အရသာနဲ့ အကျိုးသွား..ခါးသက်၏ ပူ၏ ဝိပါကစပ်၏ ဝမ်းမီးကိုတောက်စေ၏ အနည်းဝမ်းသက်၏၊ ဂုဏ်နဲ့စွမ်းရည်ပြေပြစ်၏ သည်းခြေကိုပြုတတ်၏ လေသလိပ်ကိုငြိမ်းစေ၏ ဆီးအောင့်ရောဂါကျောက်တည်ရောဂါ၊ ဂူလုံး၊ ပါဒရက်၊ ပိုးရောဂါ ၊သွေးဖေါက်ပြန်ခြင်း စသည်တို့ကို ပျောက်စေတတ်၏။ ရောဂါအလိုက်အသုံးပြုပုံမှာ ကျပ်တီးနာ၊ သက်တန့်လျောက်နာ၊ အပြင်းဖျား၊ အကိုက်အခဲ အဆစ်ယောင် ဆီးချို ကျောက်တည်ရောဂါ ဆီးအိပ်ရောင် ရောဂါများကိုပျောက်စေတယ်လို့ ဆိုထားပါတယ်... ထို့အပြင်...မြန်မာဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏၊ ပူသောဂုဏ်သတ္တိ ရှိ၏၊ ၀မ်းမီး ကိုတောက်စေ၏၊ ၀မ်းကိုအနည်းငယ် သက်စေ၏၊ လေနှင့်သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည် ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်၏....
เรื่องเล่าจากชุมชน

ประสบการณ์จากผู้ใช้

เขียนรีวิว ↗

รายงานข้อมูลสินค้านี้

เป็นคนแรกที่เล่าประสบการณ์

ชอบอะไร มีข้อสังเกตตรงไหน? เรื่องเล่าของคุณช่วยให้คนอื่นเลือกได้ดีขึ้น